Google ၏ Hotel Center

ဝန်ဆောင်မှု စည်းမျဉ်းများ

 

Google ၏ Hotel Center အတွက် ဤ ‘ဝန်ဆောင်မှုစည်းမျဉ်းများ’ (“စည်းမျဉ်းများ”) ကို Google LLC (“Google”) နှင့် ဤ ‘စည်းမျဉ်းများ’ ကို ကျင့်သုံးသော သို့မဟုတ် ဤ ‘စည်းမျဉ်းများ’ ကို အီလက်ထရွန်နစ်နည်းဖြင့် လက်ခံသော အဖွဲ့အစည်း (“ခရီးသွားပါတနာ”) တို့ကြား ချုပ်ဆိုသည်။  ဤ ‘စည်းမျဉ်းများ’ သည် (i) ဤ ‘စည်းမျဉ်းများ’ နှင့် ဆက်စပ်၍ ‘ခရီးသွားပါတနာ’ သို့ ပေးထားသော အကောင့်(များ) (“အကောင့်များ”) မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သော သို့မဟုတ် (ii) ဤ ‘စည်းမျဉ်းများ’ ကို ကိုးကားဆောင်ရွက်သော ဆက်စပ်ဝန်ဆောင်မှုများ၊ အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက် (“ဝန်ဆောင်မှုများ”) အပါအဝင် ‘ခရီးသွားပါတနာ’ ၏ Google Hotel Center (စုပေါင်း၍ “Hotel Center”) အသုံးပြုမှုကို လွှမ်းမိုးထိန်းချုပ်သည်။  

 

1. Hotel Center အသုံးပြုခြင်း။  ‘ခရီးသွားပါတနာ’ သည် Google API များမှတစ်ဆင့် အပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြု၍ Hotel Center သို့ ဒေတာ၊ ဖိဒ်များ သို့မဟုတ် အခြားအကြောင်းအရာ (“အကြောင်းအရာ”) ပေးပို့နိုင်သည်။ ‘ခရီးသွားပါတနာ’ သည် Google က ‘ခရီးသွားပါတနာ’ ရှာဖွေဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာထားသော လမ်းညွှန်ချက်များ သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ ‘အကြောင်းအရာ’ ကို ပေးပို့ရန် သဘောတူပါသည်။ Hotel Center မှ ‘အကြောင်းအရာ’ ကို ‘ခရီးသွားပါတနာ’ က ထုတ်ယူခြင်း၊ လင့်ခ်ချိတ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အခြားနည်းဖြင့် အသုံးပြုခြင်းအား ခွင့်ပြုသည့်လုပ်ဆောင်ချက်ကို အခြား Google ဝန်ဆောင်မှုတစ်ခုဖြင့် Google က ပြုလုပ်ပေးနိုင်သည်။ ထိုကဲ့သို့အခြေအနေတွင် ထိုအခြား Google ဝန်ဆောင်မှု၏ ဝန်ဆောင်မှုစည်းမျဉ်းများကို ‘ခရီးသွားပါတနာ’ က ထိုဝန်ဆောင်မှုအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာရမည်ဖြစ်သော်လည်း ထို ‘ခရီးသွားပါတနာ’ က Hotel Center အသုံးပြုရာတွင် ဤ ‘စည်းမျဉ်းများ’ ကို ဆက်လက်လိုက်နာရမည်။ ‘ခရီးသွားပါတနာ’ သည် ထပ်တိုးရွေးချယ်နိုင်သော ‘Hotel Center ဝန်ဆောင်မှုများ’ ကို အသုံးပြုရန်ရွေးချယ်ပါက ‘ခရီးသွားပါတနာ’ သည် ထို ‘ဝန်ဆောင်မှု’ များနှင့်သက်ဆိုင်သော သီးခြားစည်းမျဉ်းများကို သဘောတူရန် လိုအပ်နိုင်သည်။  အချို့ ‘Hotel Center ဝန်ဆောင်မှုများ’ ကို “စမ်းသပ်ဆဲ” သို့မဟုတ် မပံ့ပိုးပါ သို့မဟုတ် လျှို့ဝှက် (“စမ်းသပ်ဆဲ ဝန်ဆောင်မှုများ”) အဖြစ် ခွဲခြားထားသည်။  ‘ခရီးသွားပါတနာ’ သည် ‘စမ်းသပ်ဆဲဝန်ဆောင်မှုများ’ မှ အချက်အလက်များ သို့မဟုတ် ထိုအကြောင်း အချက်အလက်များ သို့မဟုတ် အများသုံးမဟုတ်သော ‘စမ်းသပ်ဆဲဝန်ဆောင်မှုများ’ ၏ စည်းမျဉ်းများ သို့မဟုတ် တည်ရှိမှုကို ဖော်ထုတ်မပြောရပါ။  Google သို့မဟုတ် ၎င်း၏ ‘လုပ်ငန်းခွဲများ’ သည် ‘စမ်းသပ်ဆဲဝန်ဆောင်မှုများ’ အပါအဝင် ‘ဝန်ဆောင်မှုများ’ ကို အချိန်မရွေး ဆိုင်းငံ့ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း လုပ်ဆောင်နိုင်သည်။  ဤ ‘စည်းမျဉ်းများ’ အတွက် ရည်ရွယ်၍ “လုပ်ငန်းခွဲ” ဆိုသည်မှာ ရံဖန်ရံခါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိန်းချုပ်သော၊ ထိန်းချုပ်ခံရသော သို့မဟုတ် Google နှင့် ထိန်းချုပ်သူ အတူတူဖြစ်သော လုပ်ငန်းကို ဆိုလိုသည်။

 

2. အကောင့်။  Hotel Center ကို ‘ခရီးသွားပါတနာ’ က အသုံးပြုမှုသည် ‘အကောင့်(များ)’ တစ်ခုနှင့်အထက်ကို Google က ပြုလုပ်၍ အတည်ပြုပေးခြင်းပေါ်တွင် မူတည်သည်။  Google သည် ‘အကောင့်(များ)’ ကို အတည်ပြုရန်အတွက်နှင့် ရံဖန်ရံခါတွင် တရားဝင်လုပ်ငန်းအမည်၊ လုပ်ငန်းကမ်းလှမ်းချက်၊ အဓိက အဆက်အသွယ်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် သက်ဆိုင်ရာဒိုမိန်းများ အပါအဝင် ထပ်ဆောင်းအချက်အလက်များ လိုအပ်နိုင်သည်။ ‘ခရီးသွားပါတနာ’ သည် ‘အကောင့်များ’ ကို ဝင်ရောက်ခြင်းနှင့် အသုံးပြုခြင်း၊ Hotel Center သို့ ပေးပို့သော ‘အကြောင်းအရာ’၊ ‘အကောင့်’ အသုံးပြုသူအမည်များနှင့် စကားဝှက်များ လုံခြုံမှုရှိစေရန် ထိန်းသိမ်းခြင်းတို့အပါအဝင် ၎င်း၏ Hotel Center အသုံးပြုမှုအတွက် တာဝန်ရှိသည်။

 

3. မူဝါဒများ။ 

a. ‘ခရီးသွားပါတနာ’ ၏ Hotel Center ကိုအသုံးပြုမှုသည် (i)https://support.google.com/hotelprices/topic/11077677 ရှိ သက်ဆိုင်မှုရှိသော Google မူဝါဒအားလုံးနှင့် Google က ရံဖန်ရံခါ ပြင်ဆင်ပြောင်းလဲနိုင်ပြီး ‘ခရီးသွားပါတနာ’ ရှာဖွေဖတ်ရှုနိုင်ရန် Google က ထုတ်ပြန်ကြေညာထားသော အခြားမူဝါဒအားလုံး (စုပေါင်း၍ “မူဝါဒများ”)၊ (ii) ဤ ‘စည်းမျဉ်းများ’ နှင့် (iii) သက်ဆိုင်သော ဥပဒေ(များ)ကို ‘ခရီးသွားပါတနာ’ ၏ လိုက်နာမှုတို့ပေါ် မူတည်သည်။ 

b. Hotel Center နှင့်ပတ်သက်၍ (i) Google သည်google.com/policies/privacy တွင်ဖော်ပြထားသည့် (ရံဖန်ရံခါ ပြင်ဆင်ပြောင်းလဲသည်) ‘Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ ကို လိုက်နာပါမည် (ii) Google နှင့် ‘ခရီးသွားပါတနာ’ သည် https://privacy.google.com/businesses/gdprcontrollerterms/ ရှိ ‘Google ထိန်းချုပ်သူ-ထိန်းချုပ်သူ ဒေတာကာကွယ်ရေး စည်းမျဉ်းများ’ (“ဒေတာကာကွယ်ရေး စည်းမျဉ်းများ”) ကို သက်ဆိုင်မှုရှိသည့် ပမာဏအထိ သဘောတူပါသည်။  ‘ဒေတာကာကွယ်ရေး စည်းမျဉ်းများ’ တွင် ရှင်းလင်းစွာဖော်ပြထားသည့် အခြေအနေမှလွဲ၍ Google သည် ‘ဒေတာကာကွယ်ရေး စည်းမျဉ်းများ’ ကို ပြင်ဆင်ပြောင်းလဲမည် မဟုတ်ပါ။

 

4. ခရီးသွားပါတနာ အကြောင်းအရာ။

a. ‘ခရီးသွားပါတနာ’ သည် Google ၏ သို့မဟုတ် ၎င်း၏ ‘လုပ်ငန်းခွဲများ’ ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ ‘အကြောင်းအရာ’ ကို အသုံးပြုရန် (ဉာဏပစ္စည်းမူပိုင်ခွင့်များက ကာကွယ်ပေးထားသည့် အခြေအနေအထိ) Google နှင့် ၎င်း၏ ‘လုပ်ငန်းခွဲများ’ ကို အမြဲတမ်းဖြစ်သော၊ ပြန်လည်ရုပ်သိမ်း၍မရသော၊ ကမ္ဘာအနှံ့ဖြစ်သော၊ အခမဲ့လိုင်စင် ပေးအပ်ပါသည်။ Google ၏ သို့မဟုတ် ၎င်း၏ ‘လုပ်ငန်းခွဲများ’ ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ ထိုအကြောင်းအရာကို အသုံးပြုနိုင်ရန် Google နှင့် ၎င်း၏ ‘လုပ်ငန်းခွဲ’ များက ကျွန်ုပ်တို့အတွက် ဝန်ဆောင်ပေးနေသော ကန်ထရိုက်တာများနှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများသို့ လိုင်စင်လက်ခွဲ ပြန်ပေးရန် ‘ခရီးသွားပါတနာ’ က သဘောတူပါသည်။

b. ‘ခရီးသွားပါတနာ’ က ပေးပို့သော အကြောင်းအရာတွင် URL များ သို့မဟုတ် အလားတူအကြောင်းအရာများ ပါဝင်ပါက ‘ခရီးသွားပါတနာ’ သည် ‘Google နှင့် ၎င်း၏ လုပ်ငန်းခွဲများ’ အား URL(များ) နှင့် ထို URL(များ)မှတစ်ဆင့် ရရှိနိုင်သော အကြောင်းအရာ (“သတ်မှတ်နေရာရှိ အကြောင်းအရာများ”) ကို ဝင်သုံးခွင့်၊ အညွှန်းတပ်ခွင့်၊ ကက်ရှ်လုပ်ခွင့် သို့မဟုတ် ရှာဖွေစာရင်းသွင်းခွင့် ပေးအပ်ပါသည်။  ဥပမာ- Google သည် ထို URL များနှင့်ဆက်စပ်သည့် ဝဘ်ဆိုက်များ ရရှိစေရန်နှင့် စိတ်ဖြာလေ့လာရန် အလိုအလျောက် ဆော့ဖ်ဝဲပရိုဂရမ်ကို အသုံးပြုနိုင်သည်။  ‘Google သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများ’ က ‘သတ်မှတ်နေရာရှိ အကြောင်းအရာများ’ မှ ကောက်ယူသောအကြောင်းအရာကို ‘အကြောင်းအရာ’ ဟု သတ်မှတ်မည်ဖြစ်ပြီး ဤ ‘စည်းမျဉ်းများ’ နှင့်အညီ ကိုင်တွယ်မည်ဖြစ်ကြောင်း ‘ခရီးသွားပါတနာ’ က သဘောတူပါသည်။

c. Hotel Center ကို အသုံးပြုခြင်းဖြင့် ‘ခရီးသွားပါတနာ’ သည် Google က ခွင့်ပြုချက်ရထားသော ‘အကြောင်းအရာ’ အသုံးပြုမှုနှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု အမှတ်တံဆိပ်၊ လုပ်ငန်းအမည်၊ တစ်ဦးတည်းပိုင် လိုဂို၊ ဒိုမိန်းအမည်နှင့် အခြားရင်းမြစ် သို့မဟုတ် လုပ်ငန်း သတ်မှတ်မှုစနစ်များကို Google အား အသုံးပြုခွင့်ပေးပါသည်။

 

5. စမ်းသပ်ခြင်း။  ‘ခရီးသွားပါတနာ’ သည် ‘Google နှင့် ၎င်း၏လုပ်ငန်းခွဲများ’ အား အောက်ပါတို့အတွက် ခွင့်ပြုပါသည် (က) ‘ခရီးသွားပါတနာ’ အား ကြိုတင်အသိမပေးဘဲ ‘ခရီးသွားပါတနာ’ ၏ ‘ဝန်ဆောင်မှုများ’ အသုံးပြုမှုအပေါ် သက်ရောက်မှုရှိနိုင်သည့် အခါအားလျော်စွာ စမ်းသပ်မှုများ (‘သတ်မှတ်နေရာရှိ အကြောင်းအရာများ’၊ အရည်အသွေး၊ အဆင့်၊ စွမ်းဆောင်ရည်၊ ဖော်မက်တို့နှင့် ဆက်စပ်သည့်အရာများ သို့မဟုတ် အခြား ပြင်ဆင်ချက်များ အပါအဝင်) နှင့် (ခ) ‘သတ်မှတ်နေရာရှိ အကြောင်းအရာများ’ ကို အလိုအလျောက် ရယူခြင်းနှင့် စိတ်ဖြာလေ့လာခြင်း၊ ဝင်သုံးရန် စမ်းသပ်အထောက်အထားများ ပြုလုပ်ခြင်း။

 

6. အာမခံ၊ မူပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ.  ‘ခရီးသွားပါတနာ’ သည် အောက်ပါတို့ကို ကိုယ်စားပြုပြီး အာမခံပါသည်- (က) ‘ခရီးသွားပါတနာ’ သည် ဤ ‘စည်းမျဉ်းများ’ ကို သဘောတူလိုက်နာရန် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာ အပြည့်ရှိပါသည်၊ (ခ) ‘ခရီးသွားပါတနာ’ တွင် အပိုင်း ၄ ၌ ဖော်ပြထားသော လိုင်စင်များနှင့် ခွင့်ပြုချက်များရှိပြီး ဆက်လက်ရှိစေရန် လုပ်ဆောင်ပါမည်၊ (ဂ) ‘ခရီးသွားပါတနာ’ သည် ‘မူဝါဒများ’၊ သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် သက်ဆိုင်သည့် ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒများကို ချိုးဖောက်သော သို့မဟုတ် ပြင်ပ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ထိပါးသော ‘အကြောင်းအရာ’ ကို မပေးပို့ပါ၊ (ဃ) ‘ခရီးသွားပါတနာ’ တွင် သက်ဆိုင်သော ဒေတာလုံခြုံမှု သို့မဟုတ် ဒေတာကာကွယ်ရေး ဥပဒေများ သို့မဟုတ် စည်းမျဉ်းများ လိုက်နာရမည်ဖြစ်သော လူပုဂ္ဂိုလ်ထံမှ သို့မဟုတ် ထိုသူအကြောင်း ကောက်ယူထားသော အချက်အလက်ကို Google သို့ပေးရန် လိုအပ်သည့် မူပိုင်ခွင့်နှင့် သဘောတူခွင့်ပြုချက်အားလုံးရှိသည်၊ (င) ‘ခရီးသွားပါတနာ’ က ပေးပို့သော အချက်အလက်နှင့် ခွင့်ပြုချက်များ (‘ခရီးသွားပါတနာ’ ၏ ကမ်းလှမ်းချက်များကို ဖော်ပြရန် လိုအပ်သော ထုတ်ကုန်နှင့်ဆက်စပ်သည့် ဖော်ထုတ်ကြေညာချက်အားလုံးအပါအဝင်) သည် ပြည့်စုံ၊ မှန်ကန်၍ လက်ရှိအချိန်တွင် မှန်ကန်ပါသည်။

 

7. မသက်ဆိုင်ကြောင်း ရှင်းလင်းချက်.  ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ GOOGLE နှင့် ၎င်း၏ လုပ်ငန်းခွဲများသည်  မချိုးဖောက်မှု၊ အရည်အသွေးကို စိတ်ကျေနပ်မှု၊ ပစ္စည်းရောင်းချနိုင်မှု သို့မဟုတ် ရည်ရွယ်ချက်တစ်ခုခုအတွက် သင့်တော်မှုအတွက် အပါအဝင် သွယ်ဝိုက်၍ဖြစ်စေ၊ ပြဋ္ဌာန်းချက်အရဖြစ်စေ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ အာမခံမှုအားလုံးအပြင် ကုန်ပစ္စည်း ရောင်းချမှု သို့မဟုတ် အသုံးပြုမှုတွင် ဖြစ်ပေါ်လာသော အာမခံများကို ငြင်းဆိုပါသည်။  ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ HOTEL CENTER နှင့် ၎င်း၏ ဆက်စပ်ဝန်ဆောင်မှုများကို “အရှိအတိုင်း”၊ “ရရှိနိုင်သည့်အတိုင်း” နှင့် “အနာအဆာအားလုံးနှင့်အတူ” ဝန်ဆောင်မှုပေးပြီး အသုံးပြုရာတွင် အဆင်မပြေမှု တစ်စုံတစ်ရာဖြစ်ပါက ရောင်းသူ၏တာဝန်သာဖြစ်သည်။ GOOGLE နှင့် ၎င်း၏ လုပ်ငန်းခွဲများသည် HOTEL CENTER သို့မဟုတ် ၎င်း၏ဆက်စပ်ဝန်ဆောင်မှုများ သို့မဟုတ် ထိုမှဖြစ်ပေါ်လာသော ရလဒ်များနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ အာမမခံပါ။ ပြစ်ချက် သို့မဟုတ် အနာအဆာများကို ရောင်းသူအား အကြောင်းကြားမည်ဖြစ်ကြောင်း GOOGLE နှင့် ၎င်း၏ လုပ်ငန်းခွဲများက ကတိမပေးပါ။

 

8. တာဝန်ခံယူမှုဆိုင်ရာ ကန့်သတ်ချက်။  အရေးဆိုမှု၏ သီအိုရီ သို့မဟုတ် အမျိုးအစားကို ထည့်မတွက်ဘဲ ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ (က) GOOGLE သို့မဟုတ် လုပ်ငန်းခွဲတစ်ခုခုက သတိထားမိစေကာမူ သို့မဟုတ် အခြားထိခိုက်ပျက်စီးမှု အမျိုးအစားများ ဖြစ်နိုင်ကြောင်း သိရှိသင့်ပြီး တိုက်ရိုက်ထိခိုက်ပျက်စီးမှုများက ကုစားမှုအတွက် ကျေနပ်ဖွယ် မဖြစ်စေကာမူ တိုက်ရိုက်ထိခိုက်ပျက်စီးမှုများ မဟုတ်ဘဲ ထိခိုက်ပျက်စီးမှုများအတွက် GOOGLE နှင့် ၎င်း၏လုပ်ငန်းခွဲများသည် ဤစည်းမျဉ်းများအရ သို့မဟုတ် ဤစည်းမျဉ်းများမှ ဖြစ်ပေါ်လာသော သို့မဟုတ် ဤစည်းမျဉ်းများ၏ စွမ်းဆောင်ရည်နှင့် ဆက်စပ်၍ တာဝန်မရှိပါ၊ (ခ) စုစုပေါင်း USD $5,000.00 ထက်များသည့် သတ်မှတ်ထားသော ဖြစ်ရပ် သို့မဟုတ် ဆက်စပ်နေသော ဖြစ်ရပ်အစဉ်လိုက်အတွက် GOOGLE နှင့် ၎င်း၏လုပ်ငန်းခွဲများသည် ဤစည်းမျဉ်းများအရ သို့မဟုတ် ဤစည်းမျဉ်းများမှ ဖြစ်ပေါ်လာသော သို့မဟုတ် ဤစည်းမျဉ်းများ၏ စွမ်းဆောင်ရည်နှင့် ဆက်စပ်၍ တာဝန်မရှိပါ။

 

9. လျော်ကြေးပေးခြင်း။  ‘ခရီးသွားပါတနာ၏ အကြောင်းအရာ’၊ ‘သတ်မှတ်နေရာရှိ အကြောင်းအရာများ’၊ Hotel Center နှင့် ၎င်း၏ ဆက်စပ် ‘ဝန်ဆောင်မှုများ’ ကို အသုံးပြုမှု သို့မဟုတ် ဤ ‘စည်းမျဉ်းများ’ ကို ‘ခရီးသွားပါတနာ’ က ချိုးဖောက်မှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် ဆက်စပ်သော အတိုင်းအတာအထိ ပြင်ပအဖွဲ့အစည်းက တရားစွဲဆိုမှုများနှင့် ဆက်စပ်၍ တာဝန်များ၊ ထိခိုက်မှုများ၊ ဆုံးရှုံးမှုများ၊ စရိတ်များ၊ အဖိုးအခများ (တရားရေးစရိတ်များ အပါအဝင်) နှင့် စရိတ်များကို သက်ဆိုင်သော ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာအထိ ‘ခရီးသွားပါတနာ’ သည် Google၊ ၎င်း၏ လုပ်ငန်းခွဲများ၊ အေးဂျင့်များနှင့် လိုင်စင်ထုတ်ပေးသူများကို လျော်ကြေးပေးပါမည်။

 

10. ရပ်စဲခြင်း။  အောက်ပါအခြေအနေများတွင် Hotel Center၊ ‘ဝန်ဆောင်မှုများ’ သို့မဟုတ် ‘အကောင့်(များ)’ ကို ‘ခရီးသွားပါတနာ’ ၏ ဝင်သုံးခွင့် သို့မဟုတ် အသုံးပြုခွင့်အား ကန့်သတ်ပိုင်ခွင့်၊ ဆိုင်းငံ့ပိုင်ခွင့် သို့မဟုတ် ရပ်စဲပိုင်ခွင့် (တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ) Google တွင်ရှိသည်- (က) ‘ခရီးသွားပါတနာ’ သည် ဤ ‘စည်းမျဉ်းများ’၊ ‘မူဝါဒများ’ သို့မဟုတ် သက်ဆိုင်သော ဥပဒေ(များ)ကို ချိုးဖောက်ခြင်း (ခ) ဥပဒေကြောင်းအရ လိုအပ်ချက် သို့မဟုတ် တရားရုံးအမိန့်ကို လိုက်နာရန်အတွက် Google က ထိုသို့လုပ်ဆောင်ရန် လိုအပ်ခြင်း သို့မဟုတ် (ဂ) ‘ခရီးသွားပါတနာ’ ၏ လုပ်ဆောင်ချက်သည် အခြား ‘ခရီးသွားပါတနာ’ တစ်ဦး၊ ပြင်ပအဖွဲ့အစည်း သို့မဟုတ် Google ကို အန္တရာယ် သို့မဟုတ် တာဝန်ယူမှု ဖြစ်စေသည်ဟု Google က ယူဆခြင်း။ ‘ခရီးသွားပါတနာ’ သည် Hotel Center၊ ‘ဝန်ဆောင်မှုများ’ သို့မဟုတ် ‘အကောင့်(များ)’ ကို ၎င်း၏ ဝင်သုံးခွင့်အား မှားယွင်း၍ ကန့်သတ်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း ပြုလုပ်ခံရသည်ဟု ယုံကြည်ပါက ကျွန်ုပ်တို့၏ ‘မူဝါဒများ’ ရှိ တစ်ဆင့်တက် တောင်းဆိုခြင်း လုပ်ငန်းစဉ်ကို ကိုးကားပါ။ ‘ခရီးသွားပါတနာ’ သည် ၎င်း၏ ‘အကောင့်(များ)’ ကို ပိတ်၍ Hotel Center အသုံးပြုမှုကို ရပ်ဆိုင်းခြင်းဖြင့် ဤ ‘စည်းမျဉ်းများ’ ကို အချိန်မရွေး ရပ်စဲနိုင်သည်။

 

11. စည်းမျဉ်း ပြောင်းလဲမှုများ။  Google သည် ဤ ‘စည်းမျဉ်းများ’ တွင် အရေးမကြီးသော ပြောင်းလဲမှုများကို အကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး ပြုလုပ်နိုင်သော်လည်း Google သည် ဤ ‘စည်းမျဉ်းများ’ ရှိ အရေးကြီးသည့် ပြောင်းလဲမှုများကို ကြိုတင်အကြောင်းကြားပါမည်။ ‘စည်းမျဉ်းများ’ ရှိ ပြောင်းလဲမှုများသည် နောက်ကြောင်းပြန်၍ သက်ရောက်မှုရှိမည် မဟုတ်ဘဲ ဤစာမျက်နှာတွင် ပို့စ်တင်ပြီးနောက် ၇ ရက်အကြာတွင် စတင်သက်ရောက်ပါမည်။ သို့သော် ဥပဒေအကြောင်းရင်းများကြောင့် ပြုလုပ်သော အပြောင်းအလဲများ သို့မဟုတ် အလျင်လိုသော အခြေအနေများ (ဥပမာ- အလွဲသုံးစားပြုလုပ်နေမှုကို တားဆီးခြင်း) တွင် အကြောင်းကြားပြီးနောက် ချက်ချင်း အကျိုးသက်ရောက်ပါမည်။

 

12. ထိန်းချုပ်သော ဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းခြင်း။ ဤ ‘စည်းမျဉ်းများ’ သို့မဟုတ် Hotel Center ကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သော အရေးဆိုမှုအားလုံးကို ကယ်လီဖိုးနီးယား ဥပဒေဖြင့် ထိန်းချုပ်စီမံ၍ ကယ်လီဖိုးနီးယား၏ ဥပဒေဆိုင်ရာအငြင်းပွားမှု သဘောတရားများကို ချန်လှန်ထားပါမည်။ ၎င်းတို့ကို အမေရိကန်ပြည်ထောင်စု ဗဟိုတရားရုံး သို့မဟုတ် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့နယ်ရှိ တရားရုံးများတွင်သာ တရားစွဲဆိုရမည်ဖြစ်ပြီး ယင်းတရားရုံးများတွင် သက်ဆိုင်သူများက ကိုယ်တိုင်စီရင်ခွင့်ပေးအပ်ရမည် ဖြစ်သည်။  ‘ခရီးသွားပါတနာ’ သည် သက်ဆိုင်သော တရားစီရင်မှုနယ်မြေတွင် နေထိုင်ပါက ဤ ‘စည်းမျဉ်းများ’ သို့မဟုတ် Hotel Center နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော Google နှင့်အငြင်းပွားမှုကို စေ့စပ်ဖျန်ဖြေမှုမှတစ်ဆင့် ဖြေရှင်းရန်လည်း လုပ်ဆောင်နိုင်သည်။ ကျွန်ုပ်တို့က အပြန်အလှန်ဆက်သွယ်လိုသော စေ့စပ်ဖျန်ဖြေသူများအကြောင်းနှင့် စေ့စပ်ဖျန်ဖြေမှု တောင်းဆိုနည်းအကြောင်း လမ်းညွှန်ချက်များကို ဤနေရာ တွင် ပိုမိုဖတ်ရှုပါ။ သက်ဆိုင်ရာ ဥပဒေအရ လိုအပ်သည်မှလွဲ၍ စေ့စပ်ဖျန်ဖြေခြင်းသည် မိမိသဘောဆန္ဒအလျောက်ဖြစ်ပြီး ‘ခရီးသွားပါတနာ’ နှင့် Google သည် စေ့စပ်ဖျန်ဖြေခြင်းမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန် တာဝန်မရှိပါ။

 

13. အထွေထွေ။ (က) ဤ ‘စည်းမျဉ်းများ’ သည် ယခုအကြောင်းအရာပေါ် နှစ်ဦးနှစ်ဘက်၏ လုံးဝဥဿုံ သဘောတူညီချက်ဖြစ်ပြီး ဤ ‘စည်းမျဉ်းများ’ ကို ‘ခရီးသွားပါတနာ’ က လက်ခံပြီးနောက် Hotel Center သို့ပေးပို့သော အကြောင်းအရာအတွက် Google နှင့် ‘ခရီးသွားပါတနာ’ ကြားရှိ ‘အကြောင်းအရာ လိုင်စင်သဘောတူညီချက်(များ)’ အပါအဝင် ယခင် (သို့) တစ်ပြိုင်နက်တည်ရှိနေသော သဘောတူညီချက်မှန်သမျှကို အစားထိုးလိုက်ပါသည်။ (ခ) ‘ခရီးသွားပါတနာ’ သည် ဤ ‘စည်းမျဉ်းများ’ ဖြင့် ဆင်ခြင်သုံးသပ်ထားသော ဆက်နွှယ်မှုနှင့်ပတ်သက်၍ (ဥပဒေအရ လိုအပ်သောအခါမှလွဲ၍) လူအများသိရှိနိုင်သော ကြေညာချက် မထုတ်ပြန်ရပါ။ (ဂ) အပိုင်း ၁၁ အရ ‘စည်းမျဉ်းများ’ ကို Google က ပြင်ဆင်ပြောင်းလဲခြင်းအတွက်မှလွဲ၍ ဤ ‘စည်းမျဉ်းများ’ အား ပြင်ဆင်ခြင်းကို နှစ်ဘက်လုံးက သဘောတူရမည်ဖြစ်ပြီး ဤ ‘စည်းမျဉ်းများ’ ကို ပြင်ဆင်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြရမည်။ (ဃ) ရပ်စဲခြင်း သို့မဟုတ် ချိုးဖောက်ခြင်းဆိုင်ရာ အကြောင်းကြားချက်အားလုံးကို စာရေးသား၍ တစ်ဖက်အဖွဲ့၏ ‘ဥပဒေရေးရာဌာန’ (တစ်ဖက်အဖွဲ့တွင် ‘ဥပဒေရေးရာဌာန’ ရှိ၊ မရှိ မသေချာပါက တစ်ဖက်အဖွဲ့၏ အဓိက အဆက်အသွယ် သို့မဟုတ် ဖိုင်ရှိအခြားလိပ်စာ) သို့ လိပ်မူရမည်။ အီးမေးလ်များ စာရေးသားထားသော အကြောင်းကြားချက်များဖြစ်သည်။ Google ၏ ‘ဥပဒေရေးရာဌာန’ သို့ ပို့သော အကြောင်းကြားချက်များအတွက် အီးမေးလ်လိပ်စာမှာ legal-notices@google.com ဖြစ်သည်။  ‘ခရီးသွားပါတနာ’ အတွက် အခြားအကြောင်းကြားချက်အားလုံးကို စာရေးသား၍ ‘ခရီးသွားပါတနာ’ နှင့် ချိတ်ထားသော အီးမေးလ်လိပ်စာသို့ ပို့ပါမည်။  Google အတွက် အခြားအကြောင်းကြားချက်အားလုံးကို စာရေးသား၍ Google ရှိ ‘ခရီးသွားပါတနာ’ ၏ အဓိက အဆက်အသွယ် သို့မဟုတ် Google က ပံ့ပိုးထားသော အခြားနည်းလမ်းသို့ လိပ်မူပါမည်။ စာရေးသား၍ သို့မဟုတ် အီလက်ထရွန်နစ်နည်းဖြင့် အတည်ပြုမှုအရ အကြောင်းကြားချက်ကို လက်ခံရရှိသည့်အခါ ပေးပို့ပြီးပြီဟု သတ်မှတ်ပါမည်။ ဤအကြောင်းကြားချက် လိုအပ်ချက်များသည် ဥပဒေကြောင်းအရ တရားဝင်အကြောင်းကြားခြင်းတွင် အကျုံးမဝင်ဘဲ ထိုအစား ၎င်းကို သက်ဆိုင်ရာဥပဒေက ထိန်းချုပ်စီမံသည်။ (င) ဤ ‘စည်းမျဉ်းများ’ အရ မည်သည့် အခွင့်အရေးကိုမျှ အသုံးမပြုသည့်အတွက် (သို့မဟုတ် အသုံးပြုရန် ကြန့်ကြာစေသည့်အတွက်) တစ်ဖွဲ့ဖွဲ့၏ အခွင့်အရေးများကို စွန့်လွှတ်ကြောင်း မှတ်ယူမည်မဟုတ်ပါ။ (စ) ဤ ‘စည်းမျဉ်းများ’ ၏ စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန် မဖြစ်နိုင်ကြောင်း တွေ့ရှိပါက ထိုစည်းကမ်းချက်ကို ဖြုတ်မည်ဖြစ်ပြီး ဤ ‘စည်းမျဉ်းများ’ ၏ ကျန်ရှိသော အရာအားလုံးသည် အပြည့်အဝအကျုံးဝင်ပြီး သက်ရောက်မှု ဆက်လက်ရှိပါမည်။ (ဇ) Google ၏ ကြိုတင်ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ ‘ခရီးသွားပါတနာ’ သည် ဤ ‘စည်းမျဉ်းများ’ အရ အခွင့်အရေး သို့မဟုတ် တာဝန်များကို တာဝန်မပေးအပ်နိုင်ပါ။  (ဈ) ဤ ‘စည်းမျဉ်းများ’ ကို ဆက်ခံသည့် ပြင်ပအဖွဲ့အစည်းများ မရှိပါ။ (ည) ဤ ‘စည်းမျဉ်းများ’ သည် သက်ဆိုင်ရာအဖွဲ့များကြား အေဂျင်စီ၊ ပါတနာဖြစ်မှု၊ ဖက်စပ် သို့မဟုတ် အလုပ်ခန့်အပ်မှုကို မဖြစ်ပေါ်စေပါ။ (ဋ) ဤ ‘စည်းမျဉ်းများ’ သက်တမ်းကုန်စေကာမူ သို့မဟုတ် ၎င်းတို့ကို ရပ်စဲစေကာမူ အပိုင်း ၁၊ ၄၊ ၆-၁၀ နှင့် ၁၂-၁၃ တို့က ဆက်လက်အကျုံးဝင်ပါမည်။ (ဌ) မအောင်မြင်မှု သို့မဟုတ် စွမ်းဆောင်ရည် နှောင့်နှေးမှုအတွက် မည်သည့်အဖွဲ့ သို့မဟုတ် ၎င်း၏ ‘လုပ်ငန်းခွဲများ’ က ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုမရှိသော အခြေအနေများကြောင့် ဖြစ်ပေါ်သောအနေအထားအထိ တာဝန်မရှိပါ။